ရွှေဘိုမြို့ အ.ထ.က (၂) ၌ လူငယ်စကားဝိုင်းကျင်းပ

ရွှေဘို စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့အမှတ် (၂) အ​​ခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိကဒေါ်​အေးမြင့်စန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး​၊ ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန ဦးစီးအရာရှိက အိုဇုန်းလွှာထိန်းသိမ်း​ရေး​နေ့အ​ကြောင်းအရာများကို ရှင်းလင်း​ပြောကြားပြီး​နောက်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဗီဒီယို Clip နှစ်ခုအားပြသခဲ့သည်။

ထို့​နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိဒေါ်​အေးမြင့်စန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ G-10ကျောင်းသား/သူများဖြစ်သည့် မ​ရွှေရည်ပိုးက "လူငယ်နှင့်​ခေါင်း​ဆောင်မှု"၊​​ မောင်ဘုန်းမြတ်သူက "လူငယ်နှင့်အနာဂါတ်"​မ​မေဖူးခင်က "လူငယ်နှင့်ယဥ်​ကျေးမှု"​ မောင်​အောင်မြင့်မြတ်က "လူငယ်နှင့်အတတ်ပညာ" မဝင်းပပလှိုင်က "လူငယ်နှင့် ကိုယ်ကျင့်တရား"ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်​ဖြေကြားခဲ့ပြီး​နောက်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊စာစောင်များအား ကျောင်းသား/ကျောင်းသူ‌များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)