မင်းတုန်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၈ နာရီခွဲတွင် မင်းတုန်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်အတူ စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် စက်သုံးဆီ အရောင်းဆိုင်များတွင် ထားရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သော မီးသတ်ရေပိုက်လိပ်၊ မီးသတ်ရေပိုက်ခေါင်း၊ Foam အမြုပ်ဆေးရည်များ၊ မီးသတ်ဆေးဘူးများနှင့် အုတ်ရေလှောင်ကန်များ ကောင်းမွန်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး မတော်တဆ အရေးပေါ် မီးလောင်ခြင်း ဖြစ်ပွားလာပါက အသင့်အနေထားဖြစ်စေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား မှာကြားခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)