ကြို့ပင်ကောက်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကြို့ပင်ကောက် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်အလှူပွဲနှင့် ဆွမ်းဆန်စိမ်း လာင်းလှူပွဲ၊ စွယ်တော်တိုက်ဖွင့်ပွဲ လှည့်လည်အပူဇော်ခံရေးကိစ္စ လမ်းညွှန်ပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပူး‌ပေါင်းညှိနှိုင်းလုပ်ကိုင်ကြရန် လုံခြုံရေးဆိုင်ရာကိစ္စများ အထူးဂရုပြုနထိုင်သွားလာကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဋ္ဌာနဆိုင်ရာများမှ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း