ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ပန်းတောင်း စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငွေကြေးထောက်ပံ့မှုအစီအစဥ်အရ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ယနေ့ နံနက် (၉) အချိန်မှစတင်၍ ထောက်ပံ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပန်းတောင်းမြို့နယ်အတွင်းရှိ အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွား (၈၇၇) ဦးအတွက် စုစုပေါင်းငွေကျပ် (၅၂၀၅၀၀၀၀ိ/)သိန်းအား ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ယမန်နေ့ထိ သက်​ကြီးဘိုးဘွား (၄၅၉) ဦးအား စုစုပေါင်းငွေ (၂၇၃၃၀၀၀၀ိ/-) သိန်းအားထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများရှိ ဘိုးဘွားများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)