နတ်တလင်းမြို့၌ ကလေးအလုပ်သမား အသိပညာပေးဟောပြောပွဲဆောင်ရွက်

နတ်တလင်း စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေး ပထမ ၅ နှစ်စီမံချက်၊ ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်ရာ ဒုတိယဦးစီးမှူးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး