တီးတိန် စက်တင်ဘာ ၁၇
ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့၌ ဆောင်းသီးနှံပန်းတိုင်အထွက်ရရှိ ရေးပညာပေးဟောပြောပွံကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအကောင်အထည်ဖော် စီမံကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းကအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ဆောင်းသီးနှံပန်းတိုင်အတွက် ရရှိရေးပညာပေးဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရပ်ကွက်/ကျေးရွာ (၆) အုပ်စုမှ စိုက်ပျိုးရေးတောင်သူ ၄၇ ဦး တက်ရောက်ပြီး စိုက်ပျိုးရေးဗဟုသုတများ ဆွေးနွေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)