ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့နယ်ရှိ  အင်းသောင်ကြီးတံတား တည်ဆောက်နေမှုနှင့် ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမြေနေရာများအတွက် မြေနေရာချထားပေးနိုင်ရေး ကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင်အတူ ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှုနှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) (၀/၀မိုင်-၀/၄မိုင်)ကြား၊ ကွန်ကရစ်တံတား(၃၀၀)ပေ၊ A1 Bored Pile -5 Nos & P1 Bored Pile -5 Nos တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။  အဆိုပါ ဒါးကချောင်းကူးတံတား (အင်းသောင်ကြီးတံတား) အမျိုးအစားမှာ အပေါ်ထည်သံကူကွန် ကရစ်ယက်မ+ကြမ်းခင်း၊ ကိုယ်ထည် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ် 0.8 Bored pile Foundation၊ တံတားအရှည် ၉၁.၄၄ မီတာ (၃၀၀ ပေ)၊ တံတားခန်းဖွင့်ဖွဲ့စည်းပုံ (၆၀ ပေ × ၅ ခန်း)၊ တံတားအကျယ် ၆.၁ မီတာ (၂၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁.၈၃မီတာ (၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၄.၆၃ မီတာ (၄၈ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၅.၅ မီတာ (၁၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၁)ပေစီနှင့် ခွင့်ပြုယာဉ်အလေးချိန် HS-20-44ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာ အုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် နေရာချနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)မှ (ညောင်ကုန်း-ဝက်လဟာ-ကညင်တပင်လမ်း)အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြေသားတာ ဘောင်ချဲ့ခြင်း၊ ချောင်းကျောက်ဖြင့် အမာခံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေတင်ပြ တောင်းခံထားရှိမှု အခြေအနေများ၊ ခရိုင်အုပ်ချုပ်ရေးမှူးက ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုခဲ့သည့် မြေနေရာများအတွက် မြေနေရာချထားပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်တပင်ကျေးရွာသို့သွားရောက်၍ ကမ်းပြိုခဲ့သည့် မြေနေရာများအတွက် မြေနေရာချထားပေးမည့် တည်နေရာများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကညင်တပင်ကျေးရွာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “အင်္ဂပူ-ညောင်ကျိုးလမ်းအား လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက် ညောင်ကုန်း-ဝက်လဟာ-ကညင်တပင်လမ်း) အားအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းပြို‌မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြေနေရာများအတွက်  ပြောင်းရွှေ့နေရာချထားပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးလုပ်ငန်းများ တင်ပြဆွေးနွေးရန်ရှိပါကလည်း တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ‌ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာ တောင်သူ ဦးလှမိုး၏ စိုက်ဧက(၃)ဧကတွင် ပဲပုတ်(ဆီတိုး) မျိုး စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး ပဲပုတ်စိုက်ပျိုးထုတ်လုပ်မှု၊ တစ်ဧကအထွက်နှုန်းနှင့်၊ အောင်မြင်ဖြစ်ထွန်းမှုအ ခြေအနေများ မေးမြန်းခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးတက် စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့်မျိုးများ အသုံးပြုစိုက်ပျိုးစေရေး၊ ပိုးမွှားမကျရောက် စေရေး၊ ပိုးသတ်ဆေးလျော့ချသုံးစွဲနိုင်ရေးနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

လှမင်းထွဋ်