ကံမ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် သာဇီကျေးရွာ၌ စက်တင်ဘာ(၁)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ငဝတ်ချောင်း ရေကြီးရေလျှံ ဖြစ်ပွားခြင်းကြောင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်ရိက္ခာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် (၁) နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူများ လက်ဝယ်သို့အရောက် သွားရောက်ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် သာဇီကျေးရွာရှိ ရေဘေးသင့် အိမ်ထောင်စု (၁၈) စု၊ လူဦးရေ ကျား (၂၆)၊ မ (၂၆)၊ စုစုပေါင်း (၅၂) ဦးတို့အတွက် လူတစ်ဦးလျှင် ဆန်(၆) ပြည်နှုန်းဖြင့် ဆန် (၁၃) အိတ်၊ တစ်အိမ်ထောင်လျှင် ဆီ (၁) ပိဿာနှုန်းဖြင့် ဆီ (၁၈) ပိဿာ၊ ပဲ (၁) ပိဿာနှုန်းဖြင့် ပဲ (၁၈) ပိဿာနှင့် ဆား (၁၈) ထုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)