ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး

ကံမ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုး အဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချို သွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါစစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေး  ကုသပေးခဲ့သည်။

ထိုသို့ စစ်ဆေးကုသရာတွင် ကိုယ်အလေးချိန်တိုင်းတာခြင်း၊  သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့် ကုသမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်၊ လက်ထောက် ဆရာဝန်နှင့် ကျန်းမာရေးဆရာမများက အခမဲ့ စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)