ရွှေဘိုမြို့၌ အမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိ​ရန် အခြေခံစက်ချုပ် (အခမဲ့)သင်တန်းဖွင့်ပွဲကျင်းပ

​ရွှေဘို ​စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီးက​လေးအလုပ်သမားပ​ပျောက်​ရေး​ကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး​ပေး​ရေး လုပ်ငန်း​ကော်မတီနှင့် အ​သေးစားစက်မှုလုပ်ငန်းဦး​စီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့် အ​ခြေခံစက်ချုပ်(အခမဲ့) သင်တန်းအမှတ်စဥ်  (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ​ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်​နေ့နံနက်ပိုင်းက​ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး​​ ဒေါ်ကြွယ်ကြွယ်ဝင်းက ပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အတတ်ပညာများရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်​ပေးရခြင်းဖြစ်​ကြောင်း​ပြောကြားခဲ့ပြီး၊ အ​သေးစားစက်မှုလုပ်ငန်းဦးစီဌာန ခရိုင်ဦးစီးမှူး ဦးလင်းထက်​အောင်နှင့် အလုပ်သမားညွှန်ကြား​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး​ဒေါ်ခင်စန်းနွယ်တို့က သင်​ထောက်ကူအ​​ခြေခံပစ္စည်းများကို​ပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၅ ရက်​နေ့မှ​အောက်တိုဘာလ ၁၄ ရက်​နေ့ထိ စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ က​လေးဝတ်ဂါဝန်၊ အမျိုးသားဝတ်သ​င်္ဘောသားအင်္ကျီနှင့် က​လေးဝတ်​ဘောင်ဘီများစသည်ဖြင့် ဘာသာရပ်(၁၆)မျိုးကို စာတွေ့/လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)