မင်းလှမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေး

အထက်မင်းလှ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဟိန်းထက်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများထားရှိ အသုံးပြုတတ်စေရေး၊ စက်သုံးဆီအရောင်းဆိုင်များတွင် ပြည်သူများ သိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို စစ်ဆေးအကြုံပြုခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။            

ဝင်းမြတ်(အထက်မင်းလှ)