ရေနံချောင်းမြို့နယ်၌ မြစ်ကမ်းပြိုဘေးအန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရေနံချောင်း စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုနှင့် ပင်းဝကျေးရွာအုပ်စုတို့မှ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသည့် အိမ်ခြေ ၁၂ လုံးနှင့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကျောင်းစုကျေးရွာနှင့် ပင်းဝကျေးရွာအုပ်စု ပင်းဝကျွန်းကျေးရွာတို့မှ မြစ်ကမ်းပြိုဘေးကြောင့် ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ကြသည့် အိမ်ခြေ ၁၂ လုံးအတွက် ပြောင်းရွှေ့စရိတ် ၁၂ သိန်းကျပ်နှင့် အိမ်ထောင်စုဝင် ၃၅ ဦးတို့အတွက် ဆန်ရိက္ခာဖို့ထောက်ပံ့ငွေ ၁၇၅,၀၀၀ ကျပ် စုစုပေါင်း ထောက်ပံ့ငွေ ၁,၃၇၅,၀၀၀ ကျပ်ကို ကျေးရွာတာဝန်ခံနှင့် ပြောင်းရွှေ့အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)