ဆိပ်ဖြူ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျကိုင်တွယ်အသုံးပြုခြင်းနည်းပညာများ လက်တွေ့ပညာပေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးအေးမင်းမောင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက အနောက်ပိုင်းရပ်ကွက် ဦးထွန်းဝင်း စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ မီးငြှိမ်းသတ်ရေးနှင့် ကြိုတင်ကာကွယ်ရေးပစ္စည်းများဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်း၊ အရေပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများအား လက်တွေ့အသုံးပြုမှုနည်းလမ်းများအား ကိုင်တွယ်အသုံးပြုတတ်စေရန် ဆိုင်ဝန်ထမ်းများကို လက်တွေ့လေ့ကျင့် ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရိန်(ဆိပ်ဖြူ)