မြောင်းမြ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အနာဂါတ်လူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးကြီးထွားစေရန်အတွက် နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားရာတွင် နွားနို့သောက်ခြင်းသည် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦးတို့အား နွားနို့နှင့် ကြက်ဥများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)