နတ်မောက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယာဉ်အန္တရာယ်ကင်းရှင်စေရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများ စိုက်ထူပေးလျက်ရှိကြောင်း သိရသည်။
ဒေသအတွင်း ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရှိ အကွေ့၊ ကုန်းဆင်း၊ ကုန်းတက်၊ လမ်းကျဉ်း၊ တံတားခံနိုင်ဝန် စသည့် လမ်းညွှန်လမ်းအမှတ်အသားများနှင့် ညအခါ လင်းလက်ပြီး ကွေ့ရန်လမ်းညွန်ပြသပေးသည့် အလိုအလျောက်မီးလုံးများ၊ ရောင်ပြန်လမ်းညွန်များ စသည့် လမ်းအသုံးပြုသွားလာနေသာမော်တော်ယာဉ်များ အန္တရာယ်မကြုံတွေ့စေရန်အတွက် လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသားများ စိုက်ထူပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
လှဝင်း