လဟယ်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များ(MEVM)အား ကြည့်ရှုစစ်‌ဆေး

လဟယ် စက်တင်ဘာလ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလဟယ်မြို့တွင် ရွေးကောက်ပွဲ အတွက်မဲရုံအလိုက် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များ ရောက်ရှိ ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့နှင့် မြို့နယ်/ဒေသ ရွေးကောက်ပွဲကော်မရှင့်အဖွဲ့ခွဲ အဖွဲ့၀င်များက ဖွင့်ဖောက်စစ်ဆေးနေမှုကို နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များက ယနေ့နေ့လယ် (၁၀)နာရီခွဲအချိန်က မဲပုံးရှိရာ လာရောက်ကြည့်ရှုစစ်ဆေးပါသည်။

ထိုသို့ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက မဲပေးစက်များနှင့် စက်စပ်ပစ္စည်းများ စုံလင်မှုရှိ/မရှိ သေချာဖွင့်ဖောက်စစ်ဆေးကြရန်နှင့် မဲပေးစက်များ ရပ်ကွက်/ကျေးရွာအုပ်စုသို့ အဆင်ပြေစွာရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာတာ၀န်ရှိသူများက ကြိုတင်စီမံဆောင်ရွက်ထားကြရန် မှာကြားပြီးနောက် နာဂဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဖြည့်စွက် မှာကြားကာ တာ၀န်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌