ပန်ဆောင် စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နောင်ယန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပန်ဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးဂျာယော်နှင့် နောင်ယန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးယောအိုင်တို့က လူငယ်များစာရိတ္တကောင်းမွန်ပြီး အနာဂတ်နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူများ မေးမြန်းသည့် အကြောင်းအရာများကို တာဝန်ရှိသူများက ပြန်လည်ပြောကြားပြီး ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံ များကိုကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)