တမူး စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက လူငယ်များအနေဖြင့် ပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာဖြစ်ကြောင်း အဲ့ဒီရည်မှန်းချက်များကိုလည်း ဆန္ဒာအဓိပတိ ထားပြီး ကြိုးစားရမှာဖြစ်ကြောင်း မျိုးဆက်သစ်တို့ တိုးတက်ကြဖို့အတွက် အခုလိုအရွယ်ကစပြီး ဗလငါးတန်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊တန်ဖိုးထားတတ်အောင် အသိပညာ အတတ်ပညာတွေကို လေ့လာဆည်းပူးကြစေလိုကြောင်း ဒါမှသာ နောင်တစ်ချိန်မှာ အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် သွားနိုင်မှာဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြပြီး ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များ ဖတ်ရှုလေ့လာခြင်း အသင်းဝင်ကဒ်များပြုလုပ်၍ စာအုပ်များငှါးရမ်းခြင်းများကို ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရတနာ