မြောင်းမြ၌ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာမိတ်ဆက်ခြင်းအခမ်းအနားပြုလုပ်

မြောင်းမြ    ဒီဇင်ဘာ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် မဟာဗျူဟာမိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် Video   Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်ကိုမျိုးမင်းပိုင်က မြန်မာနိုင်ငံ၏ လူငယ်ရေးရာ မူဝါဒ(၁၅)ရပ် နှင့်မဟာဗျူဟာကို မိတ်ဆက်ရှင်းလင်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုမျိုးသူရကိုကိုမှ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ၏ လုပ်ငန်းစဉ်များ အားရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီအနေဖြင့် လူငယ်များနှင့် ပတ်သက်၍ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျား/မ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဆက်ဆံရေး စသည့်အခန်းကဏ္ဍ (၁၆)ရပ်အား အဓိက အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရပါသည်။

အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေဿကြီးအတွင်းရှိ မြို့နယ်များမှ လူငယ်ရေးရာကော်မတီဝင် (၃၀)ဦး တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့ အထိ (၂)ရက်ကျင်းပပြုလုပ်ကြောင်းသိရသည်။

စန္ဒာကြည်(မြောင်းမြ)