အထက်မင်းလှ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)