ဟုမ္မလင်း စက်တင်ဘာ ၁၆
ဟုမ္မလင်းမြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်တက်ရောက်စေရန် ကျေးလက်နှင့် မြို့ပြအချိုးကျညီညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဖွံ့ဖြိုးမှုကွာဟခြင်း ကျဥ်းမြောင်းစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်စီမံကိန်း (VDP)ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်ယုမေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရာဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဟုမ္မလင်းမြို့နယ် ယက်ဖကျေးရွာ၊ မှန်ပင်ကျေးရွာမိုင်း တောင်းကျေးရွာမှ သင်တန်းသား/ သူ(၆)ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ စက်တင်ဘာလ(၁၆)ရက်နေ့မှ (၁၉)ရက်နေ့ထိ(၄)ရက်ဖြစ်ပြီး၊ သင်တန်းနည်းပြဆရာ/ မများကစာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)