ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

ပခုက္ကူ စက်တင်ဘာလ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်လှဌေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက သင်တန်းကာလအတွင်း အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကာလတိုဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာသင်တန်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ သင်တန်းကာလတစ်လကြာ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းမှ ထူးချွန်သူနှစ်ဦးအားရွေးချယ်၍ အပ်ချုပ်စက်တစ်လုံးစီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြာင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)