အထက်မင်းလှ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မင်းလှမြို့ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားစေနိုင်သောဆိုးကျိုးများ၊ မီးခိုးမြူငွေ့အမျိုးအစားများအကြောင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်ကြောင့် အသက်ရှုလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများဖြစ်ပွားနိုင်ကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ လျှော့ချရေးလုပ်ငန်းများအကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)