ကံမ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ နိုင်ငံတော်အဆင့်အခမ်းအနားများ၊ တွေ့ဆုံပွဲအခမ်းအနားများနှင့် ဖွင့်ပွဲအခမ်းအနားများတွင် အခမ်းအနားအစီအစဉ်များ စနစ်တကျရှိစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းဌာနဆိုင်ရာများမှ သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြရာ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၂)ဦးတို့က အခမ်းအနားမှူး၏အဓိပ္ပာယ်၊ အခမ်းအနားမှူးတစ်ယောက်၏ အဓိကထားဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် အဓိကအရည်အချင်းများ အစရှိသည်တို့ကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသားတစ်ဦးချင်းအလိုက် အခမ်းအနားမှူးအဖြစ် နမူနာ အစမ်းလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)