လိပ်သို စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဇလဲကျေးရွာ၌ စိုက်ပျိုးထားသော မြေပဲခင်းများမှာ ရိတ်သိမ်းရောင်းချချိန် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြေပဲမျိုးရောင်းချသော မြို့များမှ မြေပဲမျိုးစေ့များကို ဝယ်ယူပြီး မိုးဉီးကျကာလတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ၁ လ အကြာမှစ၍ ပေါင်းမြက်များ နိုင်အောင်ရှင်းပေးမှသာ မြေပဲအပွင့်များ ထိခိုက်ခြင်းမရှိပဲ အထွက်နှုန်းတိုးစေမှာဖြစ်ကြောင်း၊ မြေပဲများကို စိုက်ပျိုးပြီး ၃ လ အကြာတွင် ရိတ်သိမ်းကြကြောင်း ဇလဲကျေးရွာရှိ မြေပဲစိုက်ပျိုးသူတစ်ဉီးထံမှ သိရသည်။
အဆိုပါ မြေပဲများကို ရိတ်သိမ်းရောင်းချရာတွင် မြေပဲအစိုတစ်အိတ်လျှင် (၅၀၀၀ဝိ/-) ကျပ်နှင့် မြေပဲအခြောက်တစ်တင်းလျှင် (၄၀၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
နော်ဖလောရင်း