မအူပင် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ မဟာဗောဓိဘုရားကြီး တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ချိုချိုသန်းမှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးခြင်းသရုပ်ပြပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာက မြန်မာအီလက် ထရောနစ်မဲပေးစက် အသုံးပြုခြင်းအကြောင်းအရာများနှင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး မဲဆန္ဒရှင်ပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြသခဲ့ကြသည်။
အဆိုပါ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲအား အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူ (၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)