မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေး

မအူပင် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသ‌ကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေးခြင်းအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အထက်ဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ စားအုန်းဆီများ ပြည်သူများလက်ဝယ် မှန်ကန်စွာရရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များအား ဆီထုတ်ယူခွင့်စာအုပ်များထုတ်ပေးပြီး ဆီများကို လက်လီအရောင်းဆိုင်များမှ စနစ်တကျရောင်းချပေးလျက်ရှိသည်။ ကျေးရွာ‌နေပြည်သူများအား စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီများအသုံးပြုနိုင်စေရန် ခနောင်ထော်ကျေးရွာ၊ သိုက်ကုန်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျပေးအပ်ခဲ့ပြီး ကျန်ကျေးရွာများသို့လည်း ဆီစာအုပ်များ စနစ်တကျထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ခနော်ထော်ကျေးရွာရှိ အိမ်ထောင်စု (၄၅၀)အား ဆီစာအုပ်(၄၅၀)အုပ်၊ သိုက်ကုန်းကျေးရွာရှိ အိမ်ထောင်စု(၇၈၀)အား ဆီစာအုပ် (၇၅၀)အုပ်၊ သူဌေးကုန် ကျေးရွာရှိ အိမ်ထောင်စု (၇၁၀)အား ဆီစာအုပ် (၇၁၀)အုပ် ကျေးရွာပြည်သူများသို့ စနစ်တကျပြန်လည်ထုတ်ပေးရန်နှင့် ဆီရောင်းချရာ၌ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)