တောင်တွင်းကြီး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးနှင့် သားသတ်ဌာနစိတ်ဝန်ထမ်းများ၊ မြို့မစျေး စည်ကမ်းထိန်းဌာနစိတ်တို့ပူးပေါင်း၍ စျေးအတွင်းနှင့် စျေးပြင်ပ လမ်းဘေး ဝဲ၊ ယာများရှိ ပျံကျစျေးသည်များအား စည်းကမ်းတကျ စျေးရောင်းချမှုရှိစေရေး ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ပျံကျစျေးသည်များ၊ ခေါင်းရွက်စျေးသည်များ၊ စျေးအတွင်းနှင့် စျေးပြင်ပဆိုင်ခန်းများအား လမ်းမပေါ်သို့ ကျူးကျော်ရောင်းချမှုမရှိစေရေး၊ စည်းကမ်းတကျရောင်းချမှုရှိစေရေး၊ စွန့်ပစ်အမှိုက်များအား အမှိုက်ကန်များအတွင်း စနစ်တကျစွန့်ပစ်စေရေး၊ ခြင်၊ ယင် ပေါက်ဖွားမှုမရှိစေရေး၊ ရေမြောင်းများအတွင်းစွန့်ပစ်ခြင်း၊ ဆိုင်ခန်းအတွင်း သိုလှောင်ထားရှိမှုမရှိစေရေး၊ ယာဥ်ကြောရှုပ်ထွေးပိတ်ဆို့မှုမရှိစေရေး စျေးရောင်း၊ စျေးဝယ်ပြည်သူများ၏ ယာဥ်များအား စည်းကမ်းတကျအပ်နှံခြင်းလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)