တောင်တွင်းကြီး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စည်ပင်သာယာစျေးနှင့် ဒက္ခိဏစျေးအတွင်း ရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် (၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ မြို့မစျေးတာဝန်ခံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အမဲသား၊ ဝက်သား၊ ငါး၊ ဆိတ်သားများ သန့်ရှင်းလက်ဆတ်မှုရှိစေရေး၊ အသားငါးများစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာ ချိန်တွယ်ခြင်းဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများပြုလုပ်ရန်တို့ကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
နောင်နောင် (ဗိဿနိုးမြေ)