အောင်လံမြို့နယ်၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ‌

အောင်လံ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မြို့ပေါ် ရပ်ကွက်ဝတ်ရွတ်အသင်းများနှင့် ဌာနဆိုင်ရာဝတ်ရွတ်အသင်းများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အခြားဆုများဖြစ်သည့် ဘုရားပင့်၊ နတ်ပင့်၊ နတ်ပို့၊ နှစ်သိမ့်ဆုများကို ဆုရရှိသည့် ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများအား သက်ဆိုင်ရာ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဝတ်ရွတ်အသင်းအားလုံးမှ မေတ္တသုတ်နှင့် ဓမ္မစကြာရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)