မင်းဘူး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များတွင် တရားမဝင်ယစ်မျိုးများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် မင်းဘူးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် စိစစ်ကြီးကြပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ ယစ်မျိုး လက်လီ၊ လက်ကားရောင်းချသောဆိုင်များ၌ လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင်သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းများမရှိစေရန်နှင့် ပြည်တွင်းကုန်ပစ္စည်းသယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားရှိမှုအခြေအနေနှင့် အရက်/ဘီယာကုန်ပစ္စည်းများတွင် Tax Paid ကပ်ထားမှုရှိ/မရှိတို့အား လိုက်လံကြည့်ရှု စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)