အောင်လံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်

အောင်လံ စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ယမန်နေ့ နံနက် ၉ နာရီခွဲမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အောင်လံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ပင်စင်ထောက်ပံ့ငွေ သုံးသောင်းကျပ် (၃)ဦး၊ ခြောက်သောင်းကျပ် (၇၃)ဦး ထောက်ပံ့ငွေ စုစုပေါင်း (၄၄၇၀၀၀၀/-) ကျပ် ( ကျပ် လေးဆယ့်လေးသိန်းခုနှစ်သောင်း တိတိ)ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးသန်းကကြီးကြပ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို အောင်လံမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၇၆) ဦးအားပေးအပ်ပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများကို သတ်မှတ်ရက်များအလိုက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)