မြဝတီ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်/မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVE)ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စမ်းသပ်မဲပေးခြင်းနှင့် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု(ရွှေကုက္ကိုလ်) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ကျင်းပသည်။
ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူသိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင် ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း မဲပေးပိုင်ခွင့်မရှိသူများနှင့် ပတ်သက်သည့်အချက်များ၊ မြန်မာ အီလက် ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သောအချက်များအား ရှင်းလင်းဟောပြောပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။
ထို့နောက် အီလက်ထရောနစ် မဲပေးစက်(MEVE)ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းကို မွန်းလွဲ ၁ နာရီတွင် အဆိုပါခန်းမဆောင်၌ ဆက်လက်ကျင်းပရာ အခြေခံပညာဦးစီးဌာန၊ ပူလွဲပူကျေးရွာ(ရွှေကုက္ကိုလ်)အတွင်းရှိ ဆရာ၊ ဆရာမ (၄၇) ဦး တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
ခရိုင်( ပြန်/ဆက်)