ကော့သောင်း စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ UID (Smart Card) များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ (one stop) ဆောင်ရွက်ခြင်းများကို စက်တင်ဘာလ (၁၃) မှ (၁၄) ရက်နေ့ထိ ကော့သောင်းမြို့နယ်၊ အမှတ် (၅၈) ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီးကျွန်း) နှင့် ဇာဒက်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းမြေ့ဇေဦးနှင့် အဖွဲ့တို့က ဇာဒက်ကြီးကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လိုအပ်သည့်အချက်အလက်များအား စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့် UID (Smart Card) များ ဆောင်ရွက်ပေးခြင်းများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ (one stop) ဆောင်ရွက်ပေးခြင်းများ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန် /ဆက်)