ဟင်္သာတ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ)နှင့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော် (မျိုးစေ့ထုတ်) စိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတာဝန်များကို ကျေးရွာအုပ်စုများသို့ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစောဝင်းရွှေက ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်စိုက်ပျိူးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ တိုက်နယ်အုပ်ချုပ်ရေးမှူးများအား စီမံကိန်းတာဝန်များကို ပေးအပ်ပါသည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများမှ သက်ဆိုင်ရာ တိုက်နယ်အုပ်ချုပ်ရေးမှူးများသို့ စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)