ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

 ပန်းတနော် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က စာဖတ်ဝိုင်းပြုလုပ်ရသည့်  ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “ ခိုင်မာချမ်းသာစေ ပညာအမွေ" စာအုပ်မှ " သေချာခိုင်မာစွာတွေးပါ" ကဏ္ဍကိုဦးဆောင် ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပတ်စဥ် လစဥ် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)