ငရုတ်ကောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ဆောင်ရွက်ပေး

ငရုတ်ကောင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ယနေ့နံနက်ပိုင်းက နံ့သာပုကျေးရွာခွဲ(အ.ထ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှု၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများကို “ပန်းခင်း”စီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးခဲ့‌‌ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)