ကျိုက်လတ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာနှင့် သမက်ပြေကျေးရွာအုပ်စုများတွင် ပေါ်ဆန်းဇုန် စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပေါ်ဆန်းဇုန်(၁၀၀)ဧက စိုက်ပျိုးပွဲအား အုန်းပင်စုကျွေးရွာရှိ ကွင်းအမှတ်(၁၄၀)B၊ တောင်သူ(၂၀)ဦးဖြင့်လည်းကောင်း၊ သမက်ပြေ ကျေးရွာရှိ ကွင်းအမှတ်(၁၅၀)A၊ တောင်သူ (၉)ဦး ဖြင့် ပေါ်ဆန်းဇုန်(၅၀)ဧက စိုက်ပျိုးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ) ဦးမင်းအောင်နှင့် စိုက်/တိုး/မြင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖုန်းက သွင်းအားစုများ အချိုးကျ အချိန်ကိုက်သုံးစွဲနိုင်ရေး၊ပိုးမွှားကင်းရှင်းစေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးပြောကြားပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်