ဒိုက်ဦး စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်က မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဗိုလ်မှူးသက်နောင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းနိုင်မှ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ လက်တွေ့ပြသမှုအား ဒုတိယဦးစီးမှူး ဒေါ်ဟန်သင်းလှိုင်မှ စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက်ဖြင့် ကိုယ်တိုင်လက်တွေ့မဲပေးကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသူ ဌာနဆိုင်ရာဆိုင်ရာများ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ သိရှိလိုသည်များ မေးမြန်းတင်ပြကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)