ကသာ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စုပေါင်းမြေသြဇာကြဲပက်ပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ကျန်တောကျေးရွာနှင့် အမှတ်(၃၀၉) ခြေမြန်တပ်ရင်းအနီး ဦးပိုင်အမှတ်(၁)၊ ကွင်းအမှတ် (၇၁၅)ရှိ တောင်သူ ဦးထွန်းမြင့် စိုက်ပျိုးထားသော အောင်နိုင်တိုးစပါးခင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသရုပ်ပြပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့များ၊ ဒေသခံတောင်သူများကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးဝင်းက သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတို့အား အချိုးကျကျရောစပ်ပုံတို့ကို ရှင်းလင်း၍ လက်တွေ့ပြုလုပ်ပြသခဲ့သည်။ ဆက်လက်၍ Leaf Colour Card(LCC) အရွက် အရောင်တိုင်းကဒ်များနှင့် စပါးခင်းမှ စပါးရွက်အရောင်များကို နှိုင်းယှဉ်ပြသခဲ့ပြီးအချိုးကျ ရောစပ်ထားသည့် မြေဩဇာများအား တောင်သူ ဦးထွန်းမြင့် စိုက်ပျိုးထားသော အောင်နိုင်တိုး စပါးမျိုးစိုက်ခင်းအတွင်း စုပေါင်းမြေဩဇာကြဲပက်ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါစုပေါင်းမြေဩဇာကြဲပက်ခြင်း အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ခေတ္တဥက္ကဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် တက်ရောက် လာကြသူများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)