ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြ

ပိုင်ကျုံ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌  မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု ဝငါးကမော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ဦးစွာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူတို့က ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ သိသင့်သိထိုက်သောအချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေများ၊ MEVM ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မဲပေးစက်ဖြင့် မဲပေးပုံ/မဲပေးနည်းစနစ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့်  ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုဆွေးနွေးပွဲတွင်  သက်ဆိုင်ရာတာဝနရှိသူများနှင့် ဝင်ကမော့ကျေးရွာရှိ ရပ်မိ/ ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်

နော်ခူး (ပြန်/ဆက်)