မြောင်းမြမြို့တွင် အဆင့်မြင့်ရုပ်ရှင်ရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ အဆင့်မြင့်မြမင်္ဂလာရုပ်ရှင်ရုံ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်(၉း၀၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင်သည့် ဒုမီးသတ်ဦးစီးမှူး ဦးမင်းလွင်နှင့်တပ်ဖွဲ့ဝင်များက မြမင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံရှိ တပ်ဆင်ထားသော မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများအား လက်တွေ့ အသုံးပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ပြီး အရေးပေါ်မီးလန့်မှု/ မီးလောင်မှုများ ဖြစ်ပွားလာပါက နည်းစနစ်မှန်မှန်ဖြင့် အသုံးပြုတက်စေရန် မြမင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ တာဝန်ခံနှင့်ဝန်ထမ်းများအား မီးဘေးအန္တရာယ်နှင့်ပတ်သတ်သည့် ဆောင်ရန်/ ရှောင်ရန် များကို မှာကြားခဲ့ကြောင်းသိရသည်။

ဇေယျာ