ကျိုက်လတ်မြို့နယ်တွင် ရေယာဉ်များစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စိစစ်စစ်ဆေး

ကျိုက်လတ် စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စိစစ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ခရိုင်/မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်မှတနင်္သာရီတိုင်းဒေသကြီး လေးမြို့နယ်သို့ အမ်ဗွီ-‌အောင် တက်တိုးရေယာဉ်ဖြင့် ဧည့်မထဆန်အိတ် (၉၀၀၀) အိတ် သယ်ယူပို့ဆောင်မှုအား စစ်ဆေးခဲ့ပြီး၊ လိုင်စင်ရှိမရှိ၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးဆောင်ရွက်ရန်၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ ရေယာဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကြပ်မတ်စိစစ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်