ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီ​ပြိုင်ပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၁၅

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးဆောင်၍ ပညာရေးဌာန နှင့်ပူးပေါင်းကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပန်းချီပြိုင်ပွဲတွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများကကြီးကြပ်၍ အခြေခံပညာကျောင်းများ  အလယ်တန်းဆင့်  ကျောင်းသား ကျောင်းသူ ၈၃ ဦး၊ မူလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၉၂ ဦး စုစုပေါင်း ၁၇၅ ဦး ဝင်ရောက်ယှဥ်ခဲ့သည်။ယင်းပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသားကျောင်းသူများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ကျင်းပမည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)