ပခုက္ကူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ပခုက္ကူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” စာတန်းပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်ကို ယမန်နေ့ ၁၁ နာရီအချိန်က အမှတ်(၁) ရွှေချောင်းတံတားထိပ်တွင် စိုက်ထူဆောင်ရွက်ကြသည်။

ထိုသို့စိုက်ထူဆောင်ရွက်ရာတွင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ပခုက္ကူ)မှ ခေတ္တတပ်ဖွဲ့စိတ်မှူး ဒုတိယရဲအုပ်ဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ဖွင့်လှစ်ကြပြီး ဒေသခံပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)