ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တွင် အာစရိယပူဇော်ကန်တော့ပွဲ အခမ်း အနားကျင်းပ

ဟင်္သာတ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းဘွဲ့နှင်းသဘင်ခန်းမတွင် စက်တင်ဘာ ၁၃ နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းသား၊ ကျောင်းသူများက ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် ကျောင်းသားများကိုယ်စား တစ်ဦးက ဦးဆောင်၍ ဆရာ/ဆရာမများအား ကန်တော့ချိုးဖြင့် ပူဇော်ကန့်တော့ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဆရာ/ဆရာများအား ကန့်တော့ငွေနှင့် ကန်တော့ပစ္စည်းများဖြင့် ပေးအပ်ကန်တော့ခဲ့ကြသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာထွန်းမြတ်အောင်က ဆုပေးသြဝါဒနှင့် ဆုံးမစကားများပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာ ဆရာ/ဆရာမများက အသီးသီးဆုံးမသြဝါဒ စကားများပြောကြားခဲ့ကြောင်း သိရသည်။

 ခရိုင် (ပြန်/ဆက်)