အမာ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ညနေ (၃) နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ နော်အေးအေးသက်က စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားထားသည့် “ပျော်ရွှင်ခြင်း” စာအုပ်မှ ပျော်ရွှင်မှုကိုနေ့စဉ်ရရန် ဆောင်ရွက်ရမည့်အချက်များ၊ အခက်အခဲနှင့်ရင်ဆိုင်ရပါက ဆောင်ရွက်ရမည့်အချက်များ၊ စိတ်ပူပန်တတ်သည့် အကျင့်ကိုဖျောက်ရန် စသည့်ခေါင်းစဉ်များဖြင့် ဖတ်ရှုဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင် လူငယ်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် စာစုများဖြင့် ပြန်လည် ဆွေးနွေးခဲ့ကြပြီးနောက် ရုံးတွင်းနံရံကပ် အသိပညာပေး စာစောင်များ ပြသထားရာ တက်ရောက်လာသူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အမာ (ပြန်/ဆက်)