ကြံခင်းမြို့၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုများအားကွင်းဆင်း ကြည့်ရှု

ကြံခင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သုံးမိုင်ပတ်လည် Clean land city zone ဖော်ဆောင်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုများအားကွင်းဆင်းကြည့်ရှုကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများက မြန်အောင်-ကြံခင်းကားလမ်း ဖားတစ်ရှဉ်းတံတားအနီး မိုင်တိုင်အမှတ် (၄/၀) နှင့် (၄/၂) ကြား လမ်းဘေးဝဲယာ၊ ရွှေတောင်စုရပ်ကွက်၊ မြို့အဝင်လမ်းဘေးဝဲယာ၊ တလိုင်းကွင်းကျေးရွာ၊ သဲဖြူကျေးရွာနှင့် ချင်းမြောင်ကျေးရွာ လမ်းဘေးဝဲယာတစ်လျှောက်၊ ဘက်ရဲမြို့ရှိ ပုသိမ်-မုံရွားကားလမ်းဘေး၊ မြို့အဝင်ဆိုင်းဘုတ်နှင့် ဧက ၁၀၀ စိုက်ခင်းရှေ့ လမ်းဘေးဝဲယာတို့တွင် ပေါက်ရောက်နေသည့် ချုံနွယ်ပိတ်ပေါင်းများ၊ ပေါင်းမြက်များကို မြက်ရိတ်စက်ဖြင့် ရိတ်ခြင်း၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောက်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများအား ရေသန့်ဘူးနှင့်မုန့်များ ပေးအပ်ကြသည်။

ဆက်လက်ပြီး သောကြားဒူးကျေးရွာ တောင်သူဦးဇော်မင်းလတ်၏ လယ်မြေ ကွင်းအမှတ်၊၄ ဦးပိုင်အမှတ် ၆၃၊ ၁.၅၀ ဧကပေါ်တွင် ဆင်းရွှေကြာ-၂ မျိုးအား မြို့နယ်စိုက်တိုးမြှင့်အဖွဲများ၊ တောင်သူများနှင့်အတူ တစ်ပျော်တစ်ပါးစုပေါင်း၍ စိုက်ပျိုး​ပေးပြီး တောင်သူများအား စိုက်ပျိုးရေး အသိပညာပေးဟော ပြောခဲ့ကြသည်။ ထို့နောက် မြို့မရပ်ကွက်၊ သာသနာ့ဗိမာန်ကြီးတွင် တစ်ကြိမ်တစ်ခါမှ လိုင်စင်မပြုလုပ်ရသေးသော ထော်လာဂျီနှင့် ပုဇန်းခေါင်းထော်လာဂျီများအား ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့်မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကော်မတီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လိုင်စင်အသစ်များအား One Stop Servic ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးနေမှုများအားကြည့်ရှုကာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း

ကြံခင်း (ပြန်/ဆက်)