ဂန့်ဂေါ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဌာနဆိုင်ရာရုံးများနှင့် ကျောင်းစာကြည့်တိုက်များ စနစ်တကျရှိစေရေး၊ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာကြည့်တိုက်ပညာထိန်းသိမ်းခြင်းကို တတ်သိနားလည်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းတို့က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးကဏ္ဍ၊ စာစုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ မျိုးတူစု လုပ်ငန်းလက်တွေ့ဆောင်ရွက်ခြင်းနှင့် စာပေပစ္စည်း ထိန်းသိမ်းခြင်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်ပညာသင်တန်းသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း(၂၂)ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း