နတ်မောက် စက်တင်ဘာ ၁၅
နတ်မောက်မြို့နယ် ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီက ဦးဆောင်၍ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
နတ်မောက်မြို့နယ် ဓာတ်မြေဩဇာသွင်းအားစု ဖြန့်ဖြူးရောင်းချရေးကော်မတီဝင်များက ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်တင်ဘာဘာလ ပထမပတ်တွင် စတင်၍ သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ယူရီးယားဓာတ်မြေဩဇာ(၄၈၀)အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ (၇၂၀)အိတ်တို့အား စိုက်ပျိုးရေးတောင်သူများထံ ဆက်လက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း